နောက်ခံသမိုင်းကြောင်း

အစိုးရနည်းပညာအထက်တန်းကျောင်း(ဗန်းမော်)ကို(၅.၅.၂၀၀၉)မှာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်ဦး၏ဦးဆောင်မှုဖြင့် ဝန်ထမ်း(၃၃)ဦး၊ကျောင်းသား/သူ(၁၂၁)ဦးဖြင့် ဖွင့်လှစ်၍ သင်ကြားရေး‌လုပ်ငန်းများကိုစတင်ခဲ့ပါသည်။စတင်ဖွင့်လှစ်ခဲ့သည့်နှစ်မှာတော့TU(ဗန်းမော်)၏ အလုပ်ရုံ(၂)ဆောင်မှာယာယီကျောင်းအဖြစ်အသုံးပြု သင်ကြားပေးခဲ့ပါသည်။ (၂၀၀၉-၂၀၁၀)ပညာသင်နှစ်အပြီး၂၀၁၀ ခုနှစ်၊မတ်လ(၂၅)ရက်မှာတော့(၃)မိုင်ရွှေပြည်သာရပ်ကွက်(ယခင်ဝက်ကုန်းကျေးရွာ)ရှိ ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)ကျောင်းဟောင်းနေရာသို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါသည်။ ကျောင်းတည်ရှိတဲ့မြေနေရာအကျယ်အဝန်းကတော့ဧက(၄၀)ရှိပါသည်။