မိုးရာသီအားကစားပွဲ ပုံရိပ်များ

မိုးရာသီ အားကစားပွဲ အခမ်းအနားကို ၂၄.၈.၂၀၂၃ ရက်နေ့မှ ၃၀.၈.၂၀၂၃ ရက်နေ့ထိ ကျင်းပြု လုပ်ခဲ့ပါသည်။ အားကစားပွဲတွင် ခြင်းလုံး နှင့် ကြက်တောင်အားကစား ၂မျိုးကို ကျောင်းသား/သူများမှ စည်းကမ်းတကျ အားကစားစိတ်ဓာတ် ဖြင့် ပျော်ရွှင်စွာ ပြိုင်ပွဲဝင်ကစားခဲ့ကြသည်။

ကျောင်းကျန်းမာရေးအသိပညာပေးဆွေးနွေးပွဲအခမ်းအနား

ကျောင်းကျန်းမာရေးအသိပညာပေးဆွေးနွေးပွဲအခမ်းအနားကို16.6.2023ရက်နေ့တွင် ဗန်းမော်‌ မြို့ကျောင်းကျန်းမာရေးအဖွဲ့မှ ခြင်အန္တရာယ်နှင့်မူးယစ်အန္တရာယ် တားဆီးကာကွယ်ရေးများကိုဟောပြောဆွေးနွေးခဲ့ကြပါသည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ် အတွက်သင်တန်းသားသစ်များခေါ်ယူခြင်း

-ကျောင်းဝင်ခွင့်လျှောက်လွှာများကိုစက်မှု၊စိုက်ပျိုးရေး၊မွေးမြူရေးပညာရပ်များတွဲဖက်သင်ကြားမည့်အခြေခံပညာအထက်တန်းကျောင်းများနှင့်အစိုးရနည်းပညာအထက်တန်းကျောင်းများတွင်၅.၅.၂၀၂၃ရက်နေ့မှစတင်ထုတ်ယူနိုင်ပြီ ၁၈.၅.၂၀၂၃ရက်နေ့နောက်ဆုံးထား၍ မိမိတို့တက်ရောက်လိုသည့် ကျောင်းများသို့ လျှောက်လွှာတင်သွင်းရမည်ဖြစ်သည်။ -အသေးစိတ်သိရှိလိုပါကစက်မှု၊စိုက်ပျိုးရေး၊မွေးမြူရေးပညာရပ်များတွဲဖက်သင်ကြားမည့်အခြေခံပညာအထက်တန်းကျောင်းများ၊အစိုးရနည်းပညာအထက်တန်းကျောင်းများနှင့် သင်တန်းရေးရာဌာနခွဲ၊နည်းပညာသက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန(ရုံးချုပ်)သို့ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

တတိယအကြိမ်မြောက်အောင်လက်မှတ် ပေးအပ်ပွဲအခမ်းအနား

အစိုးရနည်းပညာအထက်တန်းကျောင်း(ဗန်းမော်) ၏ တတိယအကြိမ်မြောက်အောင်လက်မှတ် ပေးအပ်ပွဲအခမ်းအနားကို ၆.၁.၂၀၂၃ ရက်နေ့တွင် အစမ်းလေ့ကျင့်ခြင်းနှင့်၇.၁.၂၀၂၃ ရက်နေ့တွင် အောင်လက်မှတ် ပေးအပ်ပွဲအခမ်းအနားကို အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပါသည်။

ခရစ္စမတ်ပွဲတော် နှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲ

အစိုးရနည်းပညာအထက်တန်းကျောင်း(ဗန်းမော်) တွင် ၂၂.၁၂.၂၀၂၂ ရက်နေ့၌ ကျောင်းတွင်း ခရစ္စမတ်ပွဲတော် နှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲ ကို ကျင်းပပြုလုပ်ခဲ့သည်။

ကြက်ခြေနီသင်တန်း

-မြန်မာနိုင်ငံကြက်ခြေနီအသင်း အသင်းခွဲ(ဗန်းမော်)နှင့်အစိုးရနည်းပညာအထက်တန်းကျောင်း(ဗန်းမော်)တို့ပူးပေါင်း၍(၁၆.၁၁.၂၀၂၂)မှ(၁၉.၁၁.၂၀၂၂)ထိရှေးဉီးပြုစုခြင်း (အခြေခံ)သင်တန်းကိုဖွင့်လှစ်ခဲ့သည်။ -သင်တန်းကို ဆရာ/ဆရာမ များနှင့် ကျောင်းသား/သူ စုစုပေါင်း(၆၀)ဉီးတက်ရောက်ခဲ့သည်။ -သင်တန်းကို နံနက်(၉း၀၀)နာရီမှ ညနေ(၄း၃၀)နာရီထိနေ့စဉ်သင်ကြားသည်။ သင်တန်းကာလ (၄) ရက်ဖြစ်သည်။ -သင်တန်းတွင် ကြက်ခြေနီ သမိုင်းကြောင်း၊ အခြေခံမူ(၇)ချက်၊ ရည်ရွယ်ချက်၊ ရှေ့ဉီးပြုစုခြင်းအဓိပ္ပါယ် ၊ လူနာဆန်းစစ်ခြင်း၊ ရှေ့ဉီးပြုစုခြင်းအမျိုးမျိုး(အပူလောင်ခြင်း၊ shork ၊...

ကာလတိုသင်တန်းဆင်းလက်မှတ်ပေးအပ်ပွဲအခမ်းအနား

22.2.2022 ရက်နေ့မှ 9.3.2022 ရက်နေ့ထိ ကာလတိုသင်တန်း (၄)မျိုးကိုဖွင့်လှစ်သင်ကြားပေးခဲ့ပါသည်။ သင်တန်းများမှာ (၁)ကွန်ပျူတာအခြေခံသင်တန်း (၂) အိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်သင်တန်း (၃) အုတ်စီခြင်းသင်တန်း (၄) တလုံးထိုးဓါတ်အင်ဂျင်ပြုပြင်ထိန်းသိမ်းခြင်းသင်တန်း တို့ကိုဌာနအလိုက်ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်ပါသည်။

မိုးရာသီအားကစားပွဲ လှုပ်ရှားမှုများ

မိုးရာသီအားကစားပွဲ လှုပ်ရှားမှုများပုံရိပ်များ‌‌ဘောလုံးပွဲ မိုးရာသီအားကစားပွဲ လှုပ်ရှားမှုများပုံရိပ်များ‌လွန်ဆွဲပွဲ