နောက်ခံသမိုင်းကြောင်း

အစိုးရနည်းပညာအထက်တန်းကျောင်း(ဗန်းမော်)ကို (၅.၅.၂၀၀၉)မှာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်ဦး၏ ဦးဆောင်မှုဖြင့် ဝန်ထမ်း(၃၃)ဦး ၊ ကျောင်းသား/သူ (၁၂၁)ဦးဖြင့် ဖွင့်လှစ်၍ သင်ကြားရေး‌လုပ်ငန်းများကို စတင်ခဲ့ပါသည်။စတင်ဖွင့်လှစ်ခဲ့သည့်နှစ်မှာတော့ TU(ဗန်းမော်)၏ အလုပ်ရုံ (၂)ဆောင်မှာ ယာယီကျောင်းအဖြစ်   အသုံးပြု သင်ကြားပေးခဲ့ပါသည်။ (၂၀၀၉-၂၀၁၀)ပညာသင်နှစ်အပြီး ၂၀၁၀ ခုနှစ်၊ မတ်လ(၂၅)ရက်မှာတော့ (၃) မိုင်ရွှေပြည်သာရပ်ကွက်(ယခင်ဝက်ကုန်းကျေးရွာ)ရှိ ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်) ကျောင်းဟောင်းနေရာသို့ ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့ပါသည်။ ကျောင်းတည်ရှိတဲ့ မြေနေရာအကျယ်အဝန်းကတော့ ဧက(၄၀) ရှိပါသည်။