ကြက်ခြေနီသင်တန်း

Views: 85
0 0

-မြန်မာနိုင်ငံကြက်ခြေနီအသင်း အသင်းခွဲ(ဗန်းမော်)နှင့်အစိုးရနည်းပညာအထက်တန်းကျောင်း(ဗန်းမော်)တို့ပူးပေါင်း၍(၁၆.၁၁.၂၀၂၂)မှ(၁၉.၁၁.၂၀၂၂)ထိရှေးဉီးပြုစုခြင်း (အခြေခံ)သင်တန်းကိုဖွင့်လှစ်ခဲ့သည်။

-သင်တန်းကို ဆရာ/ဆရာမ များနှင့် ကျောင်းသား/သူ စုစုပေါင်း(၆၀)ဉီးတက်ရောက်ခဲ့သည်။

-သင်တန်းကို နံနက်(၉း၀၀)နာရီမှ ညနေ(၄း၃၀)နာရီထိနေ့စဉ်သင်ကြားသည်။ သင်တန်းကာလ (၄) ရက်ဖြစ်သည်။

-သင်တန်းတွင် ကြက်ခြေနီ သမိုင်းကြောင်း၊ အခြေခံမူ(၇)ချက်၊ ရည်ရွယ်ချက်၊ ရှေ့ဉီးပြုစုခြင်းအဓိပ္ပါယ် ၊ လူနာဆန်းစစ်ခြင်း၊ ရှေ့ဉီးပြုစုခြင်းအမျိုးမျိုး(အပူလောင်ခြင်း၊ shork ၊ အရိုးကျိုးခြင်း ၊အဆိပ်သင့်ခြင်း ၊ ပတ်တီးစီးနည်းများ ၊ (PR လုပ်နည်း) ကိုသင်ကြားပေးခဲ့သည်။

-သင်တန်းတွင် စာတွေ့ ၊ လက်တွေ့ စာမေးပွဲများ ဖြေဆိုကြရသည်။ သင်တန်းအောင်မြင်သူများကိုအောင်လက်မှတ်များ ပေးအပ်ခဲ့သည်။

-သင်တန်းတွင်ထူးချွန်သူများအား ပထမ ၊ ဒုတိယ ၊ တတိယဆု များကို ကြက်ခြေနီအသင်း(ဗန်းမော်)မှ ချီးမြှင့်ခဲ့သည်။

-ကြက်ခြေနီသင်တန်းနည်းပြများအားကျောင်းအုပ်ဆရာကြီးမှ အမှတ်တရ လက်ဆောင်များပေးအပ်ပြီးသင်တန်းဆင်းပွဲကိုကျင်းပခဲ့သည်။

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်